မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ချောက်မြို့နယ် ပြည့်ပင်အုပ်စု၊ မိုလာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ချောက်   ဒီဇင်ဘာ    ၂၁

ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့‌နယ်အတွင်းရှိ မြို့ပေါ်ရပ် ကွက်များကျေးရွာအုပ်စုများတွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်‌ပေး လျက်ရှိရာဒီ​ဇင်ဘာ၂၀ရက်​နေ့ နံနက်ပိုင်းက ချောက်မြို့နယ် ပြည့်ပင်အုပ်စု၊မိုလာကျေးရွာတွင် ပန်းခင်းစီမံ ချက် ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဝင် လူမှုရေး ရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မိုလာကျေးရွာရှိဒေသခံပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့်မ ပျောက်ပျက်အောင်ထိန်းသိမ်းရမည့်နည်းလမ်းများအားလမ်းညွှန်ပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လို အပ်သည်များကိုညွှန်ကြားခဲ့ကြောင်းသိရသည်။ 

ထို့နောက်ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကပြည့်ပင်အုပ်စု၊ မိုလာကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များဆောင်ရွက်ပေးခဲ့ရာအိမ်​ထောင်စု(၁၀)စု၊​မွေးတိုးလူဦး​ရေစာရင်း(၁၀)ခု၊ နိုင်ငံသားစီစစ်​ရေး ကတ်ပြား (၄၃) ကတ်ပြားကို​နေ့ချင်းပြီးပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်များကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာ ဝန်ကြီးဦးစိုးပိုင်မြင့်၊​ ချောက်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ ကြကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)