ဖောင်းပြင် ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ပရဟိတအသင်းအဖွဲ့များ ပါဝင်သော အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့ က စတင်ကျင်းပခဲ့ပြီး အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။
ထိုသို့ကျင်းပလျက်ရှိရာ အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ယခုလ (၃၁)ရက်နေ့တွင် ဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်းအခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုများ ချီးမြှင့်သွား မည်ဖြစ်ပြီး ပထမဆုအတွက် ငွေကျပ် (၃)သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် (၂)သိန်း အသီးသီး ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်း