နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများအား အများပြည်သူ များကြည့်ရှု့လေ့လာနိုင်ရန်ပြသထားရှိ

မြင်းမူ  ဒီဇင်ဘာလ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်  ၊မြင်းမူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်   အများပြည်သူများအား အကျိုးပြုမည့်    အသိပညာပေးလုပ်ငန်းများဖြစ်သည့် ပညာပေးစာစောင်များ၊  မှတ်တမ်း ဓါတ်ပုံများကို   နံရံကပ်ပြဘုတ်တွင်  လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိသည်။

ယခုဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် အများပြည်သူများကြည့်ရှု့လေ့လာနိုင်ရန် အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့်  မဲစာရင်းများ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ယင်းကပ်ရောဂါကြောင့်ထိခိုက် ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားပေးနေမှု၊    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများနှင့် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အထွေထွေရွေးကောက်ပွဲကျင်းပရေး တွေ့ဆုံဆွေး‌နွေးမှုမှတ်တမ်းဓါတ်ပုံများနှင့်အတူ   ဦးတည် ချက် (၉)ရပ်နှင့်အညီဆောင်ရွက် လျှက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်  မှတ်တမ်း ဓါတ်ပုံများအားပြသထားရှိရာ ပြည်သူများကကြည့်ရှု့လေ့ လာလျက်ရှိကြောင်း သိရှိရသည်။

ပြန်/ဆက်(မြင်းမူ)