မောင်တော ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားသော ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ၊မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်း စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူ များ အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က တောင်ပြို့လက်ဝဲမြို့၊ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော သဲချောင်းကျေးရွာအုပ်စုမှ သာယာကုန်းေကျးရွာနှင့် သင်္ဘောလှကျေးရွာ ၊ မီးတိုက်ကျေးရွာ၊ ကွမ်းသီးတောင်ကျေးရွာအုပ်စုမှ နံသာတောင်ကျေးရွာများရှိ အမျိုးသား (၁၁၈) ဦး နှင့် အမျိုးသမီး(၁၀၄)ဦး စုစုပေါင်းလူဦးရေ (၂၂၂)ဦးအား အိမ်ထောင်စု လူဦးရေ စာရင်း နှင့် အသက်(၁၀)နှစ်ပြည့် ၊ အသက်(၁၈) နှစ် ပြည့်ပြီး သူများအား နိုင်ငံ သား စိစစ်ရေး ကတ် ပြား များပြုလုပ်ပေးခြင်း ၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း ၊ ပျောက်ဆုံး/ ပျက်စီးသူများ ကို မိတ္တူပြု လုပ်ပေးခြင်း၊ ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ တာ ဝန်ရှိ သူများ နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်တာ၀န်ရှိသူများ လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)