မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မြေပုံ          ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်း အသက် ၁၈ နှစ် နှင့် အထက် ပြည်သူ ၁၄၄၉၀ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက  ဆေးထိုးသတ်မှတ် စုရပ်အသီးသီးတွင် စနစ်တကျ  စတင်ထိုးနှံပေးလျက်ရှိကြသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်း ဦးဆောင်ပြီး ကျန်းမာရေးနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းက ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း ၊သွေးအတွင်း အောက်ဆီဂျင်တိုင်း တာခြင်းစသည့် ကျန်းမားရေး စစ်ဆေးမှုများ ပြုလုပ်ပေးကြပြီးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုး နှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာကြသည့်သူ များအား  ဌာနဆိုင်ရာများက  လိုအပ်သည် များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)