ပုသိမ်၊ ဒီဇင်ဘာ ၂၁
ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်တွင်စတင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ အုပ်ချုပ်သူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အမျိုးသမီးပွဲစဉ် ပထမနေရာလုပွဲအဖြစ် ပုသိမ်မြို့နယ်အသင်းနှင့် မြန်အောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပုသိမ်မြို့နယ်အသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်၊ အမျိုးသားပွဲစဉ် ပထမနေရာလုပွဲအဖြစ် ပုသိမ်မြို့နယ်အသင်းနှင့် ဖျာပုံမြို့နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ခဲ့ကြရာ ဖျာပုံမြို့နယ်အသင်းက(၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးပြိုင်ပွဲတွင် နေရာအလိုက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၏ ဇနီးမှလည်း ကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နေရာအလိုက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူ များအား တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဟင်္သာတမြို့နယ်အသင်းအား တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ဇနီးမှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဘိုကလေး မြို့နယ် အသင်းအား တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှ လည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မြန်အောင်မြို့နယ်အသင်းအား တိုင်းရင်းသား ရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်မြို့နယ်အသင်း အား တိုင်းဒေသကြီး ဥပဒေချုပ်မှ လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်မြို့နယ်အသင်းအား တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖျာပုံမြို့နယ်အသင်းအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်မှလည်းကောင်း အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်မြို့နယ်အသင်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြည်ကြည်ထွန်းမှ ပထမဆုဖလားအားလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဖျာပုံမြို့နယ် အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ပထမ ဆုဖလားအား ပေးအပ်ခဲ့ပြီး နောက် အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး ခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်ကန်ရေပြင်တွင် ဧရာဝတီ တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး ရိုးရာလှော်အသင်း၏ မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အသင်းသားများအား နည်းစနစ်မှန်မှန်နှင့် အကောင်းဆုံးကြိုးစားသင်ယူကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားဖြစ်ရေးကြိုးစားကြရန် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်ပြန်ဆက်