မအူပင်ခရိုင်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ဌာနဆိုင်ရာစာပေဝါသနာရှင်တို့ စာဖတ်ဝိုင်းကျင်းပပြုလုပ်

မအူပင် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က စာဖတ် ဝိုင်းပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာဖတ်သူအကြိုက်စာအုပ်မှ စာရေးဆရာ ဇေယျတု၏ "နိုင်ငံတစ်ခုကြီးပွားခြင်း '' စာအုပ်ပါ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူ Book Club အသင်းဒု-ဥက္ကဌ ဦးစိုး က အိမ်ထောင် စုတစ်ခုတိုးတက်ဖို့ မိဘတွေမှာတာဝန်ရှိပြီး မိခင်များက ပိုမိုပညာတတ်ပြီး အသိပညာပြည့်ဝစေရန် လိုအပ် သည့်အကြောင်းအား ဦးဆောင်ဆွေးနွေးပြီး Book Club အသင်းဝင် ဦးဘိုထွေးက စာရေးဆရာမိုးရှင်း၏ "သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့" စာအုပ်ပါ "မြည်းကလေးကပေးတဲ့သင်ခန်းစာ" စသည့်ခေါင်းစဉ်များဖြင့် အသီး သီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်သည့် မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းမိသားစု စာပေဝါသနာ ရှင်တို့က သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)