ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ သစ်ရောင်းကျွေးရွာ၊ အ.ထ.က(သစ်ရောင်း)ကျောင်း တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန် နေ့ နေ့လည်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၂၂၄)ဦးရှိပြီး ပမ္မဝတီရေတပ် စခန်းဌာနချုပ်မှ အရာရှိစစ်သည်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နွေးနွေး