ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူလျက်ရှိ

ဇီးကုန်း    ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြားဖြတ် တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၂)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်းက ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေ စာရင်းအား အခြေပြု၍ အချိန်ကာလကွာခြားမှုအရ ပြောင်းလဲလာသော တိရစ္ဆာန် ကောင်ရေ စာရင်းများအား သိရှိနိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းများ အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ကြားဖြတ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို နှစ်စဉ် ဒီဇင်ဘာလတွင် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း(၂၀၂၁) ကောက်ယူခြင်း ကို ကျေးရွာ(၂၆)ရွာနှင့် မြို့ပေါ်ရပ်ကွက်(၁)ခုအား ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၈ ရက်နေ့မှ စတင် ကောက်ယူလျက်ရှိရာ ယနေ့အထိ ကျေးရွာ(၁၄)ရွာနှင့် ရပ်ကွက်(၁)ခု စုစုပေါင်း(၁၅)ခု ကောက်ယူပြီးစီးပြီး ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦး ထံမှသိရသည်။

တင့်ဆွေ