ကျောက်တံခါး ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင် ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံခါး မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင် ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့လွတ်လပ်ရေးရက်စဉ်သမိုင်း၊ မြန်မာ့သမိုင်းဝင် သူရဲ ကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ထိန်းသိမ်းမှုသမိုင်း၊ သမိုင်းကို လေ့လာမည့် စစ်သမိုင်းပြတိုက်ဆီသို့၊ လွတ်လပ်ရေးပုံရိပ်များ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များနှင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေ မည့် သုတ/ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)