ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လိုက်လံနှိုးဆော်မှုများ အဆက်မပြတ်ဆောင်ရွက်

ရေကြည်  ဒီဇင်ဘာ   ၂၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း  လျော့နည်းကျဆင်းမှု ရှိသော်လည်း ထိရောက်လျင်မြန်စွာဖြင့် ကူးစက်မှုနှုန်းကို  ဖြတ်တောက်နိုင်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူသွားလူလာများသော လမ်းဆုံ လမ်းခွများ၊ လမ်းသွယ်များတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးလျက်ရှိသည်။

အသိပေးကြေညာချက်တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်၊ နှာခေါင်း စည်း(Mask) နှင့်မျက်နှာ အကာ(Face Shield)ကို စနစ်တကျတပ်ဆင်သွားကြရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာ ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်များကို  တိကျစွာလိုက်နာခြင်းဖြင့် အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)