ကျောက်တံခါးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

ကျောက်တံခါး ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အားကစားပြိုင်တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ (၁၄)ဦး  ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် ကျောက်တံခါးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကလေးများ ကာယဉာဏ ဖွံဖြိုးတိုးတက်စေရေး၊ စိတ်ပျော်ရွှင်ပြီး ဗဟုသုတ ရရှိစေရေးတို့အတွက် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြော၊ စာလုံးပေါင်းသတ်ပုံ၊ ခွက်နင်း၊ ဘောလုံးပစ်နှင့် ဖိနပ်စီး ပြိုင်ပွဲ များကို လစဉ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်း (ပြန်/ဆက်)