ကယားပြည်နယ် ဒီဇင်ဘာ ၂၀
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့က အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၅၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် (၃)ဦးရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်(၃)ဦး ထပ်မံတွေ့ရှိရာ ငှင်းပိုးတွေ့လူနာသစ် (၃)ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိကုသပေးလျက်ရှိသည်။ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၈၆၉) ဦး၊ ဆေးရုံဆင်း လူနာ(၅၅၉၈)ဦးရှိပြီးယနေ့သေဆုံး လူနာမရှိ၊ သေဆုံးလူနာ စုစုပေါင်းမှာ (၂၄၃)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၅) ဦး၊ ဘောလခဲမြို့နယ်တွင် (၆)ဦး၊ ရှားတောမြို့နယ်တွင် (၄)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၁)ဦး စုစုပေါင်းလူနာ (၂၇) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။