ငရုတ်ကောင်း ဒီဇင်ဘာ ၁၉
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲနှင့် ကျောင်းသူ၊ကျောင်းသားများ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့် ရရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က ကျောင်းသား၊ ကျောင်းသူကလေးများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ပညာပေးဟောပြောပြီး စာအုပ်စာပေများ မှတ်သားဖတ်ရှုပြီးပါက ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)