ကြံခင်း ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တော်သန့်ရှင်း သာယာလှပစေရန် စည်းကမ်းတကျအမှိုက်များသိမ်းဆည်းစွန့်ပစ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်လူစည်းကား ရာနေရာများတွင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကြံခင်းမြို့နယ်အတွင်းအမှိုက်သိမ်းဆည်းစွန့်ပစ်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရမည့်အချက်များ၊ နေ့စဉ်ထွက်ရှိသည့်အမှိုက်အမျိုးအစား၊ အမှိုက်ခွန်ဆိုသည် မှာ၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ အမှိုက်သိမ်းလမ်းကြောင်းဖြင့်ဆောင်ရွက်ပုံ၊ ရေစီးရေလာ ကောင်းမွန်စေရန်မိုးတွင်း ကာလမရောက်မှီ မြို့တွင်းရေနစ်မြုပ်မှုမှကင်းဝေးစေရန် အသိပညာပေးထား ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေခြင်းကိုမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့်ဝန်ထမ်းများမှအသိပညာပေးလက်ကမ်းစာစောင် စောင်ရေ(၁၀၀)ကိုပြည်သူများ လက် ဝယ် အရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးမိုး