ပြည် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ Mingalar Garden Hotel ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်း ဒေသကြီး ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီး ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်ဒေသကြီး တာဝန်ခံဦးဟောက်ကျင်မုန်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမ ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးနန္ဒအောင်တို့က ပွဲတော်ကျင်းပရေးအတွက် အဖွဲ့ အစည်း များ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များဆိုင်ရာ ကြိုတင်ဆောင်ရွက်ထားမှု အခြေအနေ အား ရှင်းလင်းတင်ပြမှုများနှင့် တက်ရောက်လာသော သက်ဆိုင်ရာ ကဏ္ဍ အလိုက်ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)