ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်သည် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်လုပ်ငန်း ဆောင်ရွက်ချက်များ ၊ ပြည်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုး လုပ်ငန်းများ ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )