နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်အားကစား အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show ) ကျင်းပ

                                        နတ်မောက်            ဒီဇင်ဘာ ၁၉                                                                            

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်အားကစား(Talk Show) ကျင်းပခြင်းကို ယမန် နေ့လယ်၁၂နာရီခွဲအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြု ဗဟိုဌာန    (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ရုပ်သံ-၃) က   လူငယ်နှင့်အားကစား  (Talk Show) ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ပြီးမြို့နယ်   အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးခင်မောင်သွင်က အားကစား ဆို တာ “အင်အားနှင့်  ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှုကိုလည်းကောင်း၊ အားကစား အမျိုးအစားများမှာယှဉ်ပြိုင်အား  ကစား၊ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား တို့ကိုလည်းကောင်း၊ အားကစားအမျိုးအစား  အမျိုးမျိုးထဲမှ သဘာဝအကျဆုံးနှင့် အရိုးရှင်းဆုံးအား ကစားလေ့ကျင့်နည်းမှာ လမ်းလျှောက်ခြင်းအားကစား  နည်းကိုလည်းကောင်း အသီးသီး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း