ညောင်လေးပင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက ရေဖြူကန်ကျေးရွာအုပ်စု ဆုံကုန်းကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့မွန်းလွဲ ၁နာရီက(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အကြိုနယ်လှည့်အသိပညာ ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ ပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မူလွန်ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ် ပညာ စွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်သည့် ကျောင်းသား၊ ကျောင်းသူ များဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောခဲ့ပြီး ပြသထားသော နံရံကပ်စာစောင်အားကျောင်းသူကျောင်းသားများက စိတ်၀င်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်