မင်းလှမြို့တွင် “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show  ဆွေးနွေးပွဲ  ပြုလုပ်

မင်းလှ  ဒီဇင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် “ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာ‌ပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် မြို့နယ်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော် မိုးဝင်းက မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဦးစီးဌာနက မီးဘေးမဖြစ်ပွားရအောင် ဆောင်ရွက်ချက်များ၊ ပြည်သူများက မီးသတိပြု နေထိုင်ကြရန်၊ မီးလောင်မှုဖြစ်ပွားက မီးသတ်ဦးစီးဌာကို အမြန်ဆုံးသတင်းပို့ကြရန်စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Onlineမှ တစ်ဆင့် Talk Show များ ပြပွဲပြိုင်ပွဲများ၊ ပုံပြင်‌ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်ဝိုင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လျက်ရှိရာ“ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး”Talk Show အစီအစဉ်ကို We Love Minhla Facebook Page မှ ထုတ်လွှင့် ပေးထားကြောင်း သိရသည်။

ပေါက်စ မင်းလှ