လပွတ္တာ၊ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ့်အားမာန် ကျောင်း တို့ ပူးပေါင်း၍ ယနေ့နံနက်(၇)နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် အားကစား ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဦးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ စာကြည့်တိုက်အား အသုံးပြု တတ်စေ ရေးရည်ရွယ်၍ စာအုပ်ပြပွဲ ပြသဆောင်ရွက်ပြီး ရုံးရှေ့တွင် အားကစားပြိုင်ပွဲများကျင်းပ ဆောင်ရွက် ပေးပြီး ဆုရကျောင်းသား၊ ကျောင်းသူများအားဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
လပွတ္တာခရိုင်(ပြန်ဆက်)