မြောင်းမြ သြဂုတ် ၂၃
COVID-19 ကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက် (Standard Operating Procedure-SOP) နှင့်အညီ ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေး ယမန်နေ့က တာဝန်ရှိသူများမဲရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြို့ပေါ် အမှတ် (၅) အမှတ် (၃) အမှတ် (၈) မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ တောင်ပေါ်စုကျေးရွာ၊ သိလ္လာချောင်းဖျား ကျေးရွာများသို့ သွားရောက်ကာ ရွေးကောက်ပွဲကာလအတွင်း မဲရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ညီညွတ်မှုရှိ/မရှိ၊ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးသည့်အခါ လက်ဆေးခြင်း၊ အပူတိုင်းခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက် (Standard Operating Procedure -SOP) နှင့် အညီ ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေးဆွေးနွေးလမ်းညွှန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်မင်း(မြောင်းမြ)