ထီးချိုင့် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ ကိုဗစ်−၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်း မြို့မစည်ပင်သာယာဈေးအတွင်းတွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန်၊ မိမိနေအိမ်တွင် ပြင်ပဧည့်သည်များလက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံမသွားကြရန်၊ လူစုလူ ဝေးပြုလုပ်ခြင်း၊ သွားလာကြခြင်းကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် အပြင်ထွက်ရာမှပြန်လာတိုင်း နှာခေါင်းစည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် ဗီဇပြောင်းအိုမီခရွန်၏ ကွဲပြားခြားနားမှုများ၊ ထူးခြားချက်များနှင့် လိုက်နာရမည့်အချက်များကို မြို့နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ရဲမှူးပြေဦးနှင့်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်တို့မှ မြို့မစည်ပင်သာယာ ဈေး အတွင်းသို့ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ရဲလင်းထွန်း