မြောက်ဦးမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ

မြောက်ဦး  ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က   မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာ မြောက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာတွင် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာ အ-ထ-က(၁)မင်းသားကျွန်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက်  (Sinopharm)ကိုဗစ် ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မြို့နယ် ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ  ကာကွယ် ဆေးထိုးနှံရန် ရောက်ရှိလာသူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေခြင်း များအား စီစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)