ကျိုက်မရော ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk-Show)ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် လူငယ်များ၊ စာဖတ်ပရိတ်သတ်များအား အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို အပတ်စဉ်၊ လစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မကြာမီကျ ရောက်မည့် ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုဌေးက ဟောပြော ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် လွတ်လပ်ရေးအား အလေးထား တန်ဖိုးထားပြီး လွတ်လပ်ရေး မဆုံးရှုံးအောင် ကာကွယ် ထိန်းသိမ်းရန်အတွက် ပြည်သူတိုင်းမှာ တာဝန်ရှိကြောင်း၊ လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို ယနေ့ခေတ်လူငယ်များ သိရှိစေရန် တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်နှင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြရန် ဆွေးနွေး ဟောပြော ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော TalkShow အပြည့်အစုံကို ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ချို မြတ်မြတ်ထွေး(ကျိုက်မရော)