မင်းလှ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ နွေစပါး စုပေါင်းထွန်ယက်စိုက်ပျိုးပွဲကို ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ် ကံတင်ဘီးလင်း ဆည်ရေသောက်စနစ်ဖြင့် အုတ်တွင်းအုပ်စု၊ အုတ်တွင်းကျေးရွာအနီး ကွင်းအမှတ် (၉၃၂)၊ တောင်သူဒေါ်သန်းသန်းဝင်း၏ လယ်မြေ (၁၀) ဧက၌ စက်မှုလယ် ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း၊ စုပေါင်းနွေစပါး ထွန်ယက်စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ရွှေဝါမြိုင်ကျေးရွာအုပ်စု၊ ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှု စခန်း၌ ပျိုးဘန်းများ ပျိုးထောင်ထားရှိမှုနှင့် မျိုးစေ့ချကရိယာဖြင့် ပျိုးထောင်ခြင်းကို ကြည့်ရှုခဲ့ပြီး၊ နွေစပါးတင်း (၁၀၀) အထက် ထွက်ရှိရန် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် ဧက(၅၀) အတွက် တောင်သူများအား မြေဩဇာ (၁၅၀)အိပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ