ဖျာပုံ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက် သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားသည့် "လူကြီးတွေကစပြင်ပါ" စာအုပ်မှ "လူကြီးတွေကစပြင်ပါ" ဆောင်းပါးအား ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဝင် ဦးကျော်စိုးမှ ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေး နွေးကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်