လမိုင်းမြို့တွင် မသန်စွမ်းသူများဆိုင်ရာအသိပညာပေး( Talk Show)ကျင်းပ

လမိုင်း ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က မသန်စွမ်း သူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနရေး​မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက မသန်စွမ်းသူအမျိုးအစား (၄)မျိုးမှာ အမြင်အာရုံချို့ ယွင်းသူနှင့် မျက်မမြင်၊ အကြားအာရုံချို့ယွင်းသူနှင့် နားမကြား၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ ဖြစ်ကြောင်း၊ မသန်စွမ်းသူအခွင့်အရေး ဥပဒေပါအကြောင်း အရာများနှင့်  မသန်စွမ်းသူများ ဆိုင်ရာ ဉာဏ်ရည်ချို့ယွင်းနေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာ များ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ မသန်စွမ်းသူအမျိုးအစား၊ မသန်စွမ်းသူများ အတွက်ပြဌာန်းပေး ထားသည့် အခွင့်အရေး ဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနှင့်ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်များ စသည်တို့ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် အသိပညာပေးဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများကိုအသိပညာ ဗဟုသုတရရှိ စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

လမိုင်း (ပြန်/ဆက်)