ဖျာပုံမြို့နယ် အစီးကလေးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊  ဖျာပုံမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ နယ် အစီးကလေးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်/ကျေးရွာပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ လ၀ကမှူး ဦးဇော်နိုင်က ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် အစီးကလေးကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာ လူဦးရေ (၁၂၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက် ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်