နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ရောင်စုံစက္ကူလေးများဖြင့် ငှက်ရုပ်၊ ပန်းခြင်းနှင့် ပန်းပွင့်ပြု လုပ်နည်းများပြသဆောင်ရွက်

နတ်မောက်  ဒီဇင်ဘာ  ၁၇

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း   ဦးစီးဌာနတို့ပူးပေါင်းရောင်စုံစက္ကူလေးများဖြင့် ငှက်ရုပ်၊ ပန်းခြင်းနှင့် ပန်းပွင့်ပြုလုပ်နည်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ခန့်က  မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရောင်စုံစက္ကူခေါက်နည်းများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်အေးမြတ်နှင်းက ငှက်ရုပ်၊ ပန်းခြင်း ၊ ပန်းပွင့် နှင့်အရုပ်စက္ကူခေါက်နည်းများကို ပြုလုပ်ပြသပေးခဲ့ရာ ကလေး ငယ်လေးများကလည်း  စိတ်ပါဝင်စားစွာ သင်ယူနေကြောင်းသိရသည်။ ထိုသို့ ရောင်စုံစက္ကူများကိုခေါက်ပြီး မိမိစိတ်ဝင်စားသည့် အရုပ်လေးများပြုလုပ်ကာ ပျော်ရွှင်စွာကစားနိုင်ကြ စေရန် ရည်ရွယ်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ဆက်လက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအတွက် ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများ စသည့်ပြိုင်ပွဲ များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လှဝင်း