လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြသခြင်းနှင့် နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ အသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်  ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခွေးသေကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အိုမီခွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကာကွယ်ပိုးများကို  သတိပြုကာ မိမိကစ၍ ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ဆက်လက် ကာကွယ်ပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံနောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကို ဖွင့်ထားပါ၊ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြော ပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊" ကိုဗစ်-၁၉ ရောဂါရပ်တန့်ဖို့ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အားလုံးဆက်လက်လိုက်နာလို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့" စသည့် အချက်များပါဝင်သည့် နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဝင့်နန္ဒာဌေး