ဝါးခယ်မ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟုဌာန Community Centre ခန်းမတွင် ယနေ့ညနေ(၃)နာရီအချိန်က ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေး ပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ရီရီလွင်က ပန်းခင်းစီမံချက်ဖြစ်ပေါ်လာပုံအကြောင်းများ မေးမြန်းရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယဦးစီးမှူး ဦးကျော်စိုးက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင် တိုင်း ဥပဒေအရကိုင်ဆောင်ခွင့် ရှိသောကတ်တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ “ပန်းခင်းစီမံချက်”ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက်ကာလကို (၃.၅.၂၀၂၁)မှ(၃.၁၁.၂၀၂၂)အထိ (၁၈)လတာ ကာလသတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ မြို့နယ်ဦးစီးမှူးရုံး မှ ဝန်ထမ်းများအနေဖြင့် ကျေးရွာများအရောက် အကြားအလပ်မရှိစေရေး ကွက်ပြည့်နင်း ကွင်းဆင်းဆောင်ရွက် ပေးသွားမှာဖြစ်ပြီး လူမှုဘဝနယ်ပယ်မှာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာကိစ္စအသီးသီး၌ မရှိမဖြစ်လိုအပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုယ်စီကိုယ်ငှ လက်ဝယ်ရရှိပြီးပြီး ပြည့်စုံသော လူမှုဘဝကို ရရှိခံစားနိုင်စေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” “ပန်းခင်းစီမံချက်” ဆောင်ပုဒ်နှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
စောသန္တာဦး