ဘူးသီးတောင် ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဒုတိယအသုတ် (ပထမ)အကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ အထက(၁)နှင့် အထက(ခွဲ)ညောင်ချောင်းတို့၌ စုရပ်ထားရှိကာစတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကာ မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၁၄)ကျောင်းရှိပြီး အသက်(၁၂) နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ( ၇၅၀၄)ဦးရှိကာ ကျန်ရှိသည့်အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်း မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)