ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်

ညောင်တုန်း  ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ်အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၄)အုပ်စုမှ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၀၆၆)ဦးအတွက် စုစုပေါင်း (၃၁၉၈၀၀၀ဝိ/-)(ကျပ်သုံးရာတစ်ဆယ့်ကိုးသိန်းရှစ်သောင်း)ကို တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကိုယ်စား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)