လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား (Sinoparm) ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

လေးမျက်နှာ  ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား  ယနေ့နံနက်()နာရီအချိန်မှစ၍   ဆေးထိုးစုရပ်( )ခုတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး လဟာကြီးဆေးပေးခန်းဆေးထိုးစုရပ်၊ ပိန်းအင်း ဆေးပေးခန်းဆေးထိုးစုရပ်၊ ဝါးရုံချောင်းဆေးပေးခန်းဆေးထိုးစုရပ်၊ သိမ်ကုန်းဆေးပေးခန်းဆေးထိုးစုရပ်၊ အိုင်သပြုဆေးပေးခန်းဆေးထိုးစုရပ် စုစုပေါင်းဆေးထိုးစုရပ်()ခုတွင် ခန့်မှန်းဦးရေ(၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား  (ဒုတိယ)အကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင်  ကာကွယ်ဆေးလာရောက်ထိုးနှံကြသောပြည်သူများအား  ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါကဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေးအတွက်  ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။

ကျော်ဟိန်း