ဒေးဒရဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့နှင့် ပူးပေါင်း၍ ပန်းခင်းစီမံချက် အကြောင်း အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online ကတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း အကြောင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပန်းခင်း စီမံချက် ဆောင်ရွက်ပေးခြင်း ရည်ရွယ်ချက်၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများစသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့သည်။ ဒေးဒရဲမြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၀)အုပ်စု ရှိသည့် အနက် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စုသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၄၄၉)ခုနှင့် အိမ်ထောင်စု(၁၆၇၇)စုအတွက် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အစီအစဉ် အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အေဇာလင်း