(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေး  ဒီဇင်ဘာ ၁၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို မန္တလေး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။

ကလေးငယ်များ စာကြည့်တိုက်နှင့် အကျွမ်းတဝင် ရင်းနှီးစေဖို့၊ အနုပညာဖန်တီးတတ်သည့် အလေ့အကျင့် ရရှိစေဖို့၊ ပန်းချီအခြေခံထည့်သွင်းသည့်အရောင်များ ရွေးချယ်တတ်စေဖို့နဲ့ စာပေအနုပညာ ချစ်ခင်မြတ်နိုး သည့်စိတ်ဖြစ်ပေါ် လာစေဖို့အတွက် ဒီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါတယ်၊ ပြိုင်ပွဲဝင် ကလေးများကို အမှတ်တရ လက်ဆောင်နဲ့ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြား သည်။

ပြိုင်ပွဲတွင် အမက(မူလွန်)-၂၀ ကျောင်း မှ ကျောင်းသား/သူကလေးငယ် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)