လမိုင်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

လမိုင်း ဒီဇင်ဘာ ၁၆

မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ   အချက်များကို   ယနေ့ နံနက်ပိုင်းက  လမိုင်းမြို့   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍  အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ  ကျန်းမာရေးဌာနနှင့်   ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊    လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင်    ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလာဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့်   အိုမီခရွန်ကူးစက် ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း အထူးဂရုပြုနေ ထိုင်ကြရန်၊  ကိုဗစ်-၁၉မျိုးဗီဇသစ်  အိုမီခရွန်ကို  ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများ အနေဖြင့် လူစု၊  လူဝေးရှောင်ခြင်း၊   မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ   မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း၊   စည်းကမ်းများအား  ဆက်လက် လိုက်နာကျင့်သုံး သွားကြပါရန်  တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)