မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “Video Edit” သင်တန်းဖွင့်လှစ်

မိုင်းခတ်  ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က “Video Edit” သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံ ကျွမ်းကျင်-၂ ဦးမိုး‌ဒေက သင်တန်းဖွင့်လှစ်ရခြင်းကြောင့် လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတများတိုးပွား၍ နည်းလမ်းအသစ်များကို ရှာဖွေလေ့လာတတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး (Kine Master) Video Edit ဆော့ဝဲအား ဖုန်းတစ်လုံးတည်းဖြင့် video ပြုလုပ်အသုံးပြုနိုင်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသ သင်ကြားပေးခဲ့သည်။

အဆိုပါ Video Edit သင်တန်းအား မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေးအသင်းမှ လူငယ်များ စုစုပေါင်း သင်တန်းသား (၁၄)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)