ကျိုက်မရောမြို့နယ်တွင် သနပ်ခါးအမည်ခံအလှကုန်များအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိကွင်း ဆင်းစစ်ဆေး

ကျိုက်မ ရော        သြ ဂုတ်     ၂၂

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်တွင် စျေးကွက်အတွင်းရှိ ပြည်တွင်းပြည်ပမှ တင်သွင်းလာသော သနပ်ခါးအမည်ခံ အလှကုန် များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ စားသုံးသူဥပဒေပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီက ကျိုက်မရော မြို့မ စျေးကြီးနှင့် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်၊ အလှကုန်ဆိုင်များသို့ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်တွင်ပြည်ပမှ တင်သွင်းလာသည့် သနပ်ခါးအမည်ခံအလှကုန် ပစ္စည်းများ၌  ၁၀ ဂရမ် အထက်နှင့် ၁၀ ဂရမ်အောက် အလှကုန်များအား မြန်မာဘာသာဖြင့် ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိစေရန် ပူးပေါင်းအဖွဲ့များ ပါဝင်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက စစ်ဆေးခဲ့ကြ ခြင်းဖြစ်ပြီး ကျိုက်မရောမြို့နယ်တွင် အဆိုပါအလှကုန်များ ရောင်းချခြင်းမရှိသေးကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ကျိုက်မရော မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်ထံမှ သိရသည်။

ချိုချို (ပြန်/  ဆက်)