သဲကုန်း ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ အောင်ရတနာရပ်ကွက်၊ သဲကုန်း-ပေါင်းတလည် ကားလမ်းဘေးရှိ စိုက်ပျိုး ရေး ဦးစီးဌာန အထွက်တိုးစခန်းတွင် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရဆောင်ရွက်သော မိုးစပါးမျိုးစေ့ ထုတ် စိုက်ခင်းများ အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဝင်း ၊မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဝင်းနိုင်ဆွေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ တောင်သူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်မှ COVID-19ရောဂါ အကျပ်အတည်း ကာလ တွင် အစိုးရမှအစီအစဉ် များရေးဆွဲပြီး စီးပွားရေးဖြေလျော့နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပြီး၊ အခြေခံလူတန်းစားများအား အမယ်ငါးမျိုး အပါအဝင် ထောက်ပံ့ငွေများနှင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း တောင်သူများအတွက် စီးပွားရေး ကုစားနိုင်ရေးအတွက် တတ်နိုင် သည့်ဘက်မှ ကြိုးစားဆောင်ရွက်ပေးသည့်အတွက် တောင်သူများ ကိုယ်စား ကျေးဇူး တင်ရှိကြောင်း တို့အား လည်းကောင်း၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်စိုးဝင်းမှ တစ်မြို့နယ်လုံး အနေဖြင့် အုပ်စုပေါင်း (၃၄)အုပ်စုရှိ တောင်သူပေါင်း(၆၆၆)ဦးတို့ပိုင်ဆိုင်သော လယ်ဧက (၂၂၃၉.၅၀) ဧကအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဝမ်းမြောက်စရာ ကောင်း ကြောင်း တို့အား လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဆွေမှ ယခုပေးအပ်ခြင်းသည် ပထမအကြိမ် အနေဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ထပ်မံပေးအပ်ရန်လည်းစီစဉ်လျက်ရှိကြောင်း မိမိတို့ဌာနအနေဖြင့် တောင်သူများ၏ မြေအမျိုးအစား အလိုက် လိုအပ်ချက်ရှိနေမှုများအား မြေအမျိုးအစားနမူနများ ရယူ၍စမ်းသပ်ပြီး လိုအပ်သည် များအား နည်းပညာများဖြင့်ပံ့ပိုး ကူညီပေးလျက် ရှိကြောင်း၊ ဩဂဲနစ်အသီးအနှံများ စိုက်ပျိုးနိုင်ရေး အတွက် လည်း ဆောင်ရွက်ရာတွင်၂၅%အောင်မြင်နေပြီဖြစ်ကြောင်း၊ ယခု မျိုးစေ့ထုတ် နိုင်ရေး အတွက်လည်း နားမလည်မှု များရှိပါက နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းများထံတွင် အကြံဉာဏ်များရယူနိုင် ကြောင်း၊ လက်ရှိ ရရှိသည့် တောင်သူများမှမျိုးစေ့များအား နောင်နှစ် များတွင် အခြားမရရှိသည့် တောင်သူများထံသို့ လက်ဆင့် ကမ်း ရောင်းချ မျိုးပွားမှုများ ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် တစ်ဧကအတွက် မျိုးစပါးထောက်ပံ့ငွေ။ (၈၅၀၀) ကျပ်နှင့် စိုက်ပျိုး စရိတ်ထောက်ပံ့ငွေ (၇၅၀၀၀)ကျပ် စုစုပေါင်း (၈၃၅၀၀)ကျပ် ပေးသွားမည် ဖြစ်ကြောင်းတို့အားရှင်းလင်းပြောပြားခဲ့သည်။
ထို့နောက် တာ၀န်ရှိသူများမှကွေ့တက်အုပ်စုနှင့် ရွာသာယာအုပ်စုပါ အုပ်စု(၆)အုပ်စုတို့ရှိ တောင်သူ(၁၄၃)ဦး ပိုင်ဆိုင်သော လယ်ဧက (၄၆၄.၅၀)ဧကအတွက် ထောက်ပံ့ငွေ (၃၈၇၈၅၇၅၀)ကျပ်တို့အား ပေးအပ်ခဲ့ရာ တောင်သူများ ကိုယ်စား ကွေ့တက်ရွာနေ ဦးမြင့်ကြည်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဲကုန်းမြို့ နယ်တွင် အုပ်စု(၃၄) အုပ်စု တို့ရှိ တောင်သူ(၆၆၆)ဦးပိုင်ဆိုင်သော လယ်ဧက(၂၂၃၉.၅၀)ဧက အတွက် ထောက်ပံ့ငွေ (၁၈၆၉၉၈၂၅၀) ကျပ်တို့ အား ပေးအပ်သွားမည်ဖြစ်ကြာင်းသိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)