Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ နှင့် စားသုံးကုန် ပစ္စည်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်    Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို စျေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရန် အတွက်စားသုံးသူရေးရာဦးစီးဌာန မှကျောက်ကြီး မြို့နယ် တာဝန်ခံ ဦးစိန်လွင်နှင့်အတူ သတင်းပေးတိုင်ကြားရေး နှင့်လက်ခံရေးကော်မတီတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးကြည့်ရှု ခဲ့သည်။

အဆိုပါစစ်ဆေးရေးအဖွဲ့သည် စည်ပင်သာယာစျေးအတွင်း/ အပြင်နှင့်နတ်သံကွင်းစျေးတို့ရှိ ဆေးပစ္စည်း အရောင်းဆိုင်နှင့်ကုန်ခြောက် ပစ္စည်း အရောင်းဆိုင်များတွင် နှာခေါင်းစည်း(Mask)များစျေးတင်ရောင်းချခြင်းရှိ/ မရှိ ၊ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာ ရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် အရေးကြီးကုန်ပစ္စည်းများ အားစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့်ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိရပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

K ခိုင် ပြန်/ဆက်