ကျောက်ကြီးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဇလုတ်တံတားတစ်ခု၏ ကမ်းကပ်ခုံဘေး တောင်ပံပြိုကျမှုအား မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်ကြီး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာကြီးအင်း ကျေးရွာနှင့် ရေလဲ ကျေးရွာချင်းဆက် တံတားဖြစ်သော သစ်သားခင်းအုတ်ခုံခံ ဇလုတ်တံတားတစ်ခုအား တောင်ကျရေ တိုက်စားမှု ကြောင့် ကမ်းကပ်ခုံဘေးတောင်ပံ တစ်ဘက်ပြိုကျမှုကို မြို့နယ်တာဝန်ရှိသူများက ယမန်နေ့နေ့လည်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ တံတားသည် ၂၀၁၅-၂၀၁၆ဘဏ္ဏာနှစ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဘတ်ဂျက်ရန်ပုံ ငွေဖြင့် ဆောက်လုပ်ထားသော အကျယ်(၁၂)ပေ၊ အမြင့်(၄၀)ပေ၊ အရှည်(၁၄)ပေရှိသော သစ်သားခင်း အုတ်ခုံခံ ဇလုတ်တံ တားတစ်ခု ဖြစ်ပြီး တောင်ကျရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံဘေး တောင်ပံတစ်ဘက် ပြိုကျမှုအားဒု-မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇင်မျိုးနှင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးဝင်းထွန်းတို့နှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးရာတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက်မျှောတိုင်များနှင့် ယာယီတုတ်ရိုက်ပြီး စီမံဆောင်ရွက်ထား ကြောင်း သိရှိခဲ့ရသည်။

K ခိုင် ပြန်/ဆက်