ထန်းတပင် (ပဲခူး) ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒ သင်တန်း ကို ပျဉ်ဂန်းကျေးရွာ မူလွန်ကျောင်းတွင်ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါတ်တာထွန်းထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်သူများ တိရစ္ဆာန်များကို ခေတ်စနစ်နှင့် အညီ မွေးမြူကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှ ပို့ချသော သင်ခန်းစာ များကို သေချာစွာ လိုက်နာကြရန် နှင့်ယခုအချိန် ကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက် များနှင့်အညီ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းအား ပျဉ်ဂန်းကျေးရွာ အတွင်းရှိ သင်တန်းသား (၂၀)ဦး အား နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိအိမ်မွေး တိရိစ္ဆာန်များ အာဟာရအကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတက် သော ရောဂါများ၊ တိရိစ္ဆာန်ရောဂါ ကာကွယ် ဆေးများ အသုံးပြုပုံနှင့် ကွင်းဆင်း အတွေ့အကြုံများအား မြို့နယ်မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ရုံးမှ နည်းပြ(၂)ဦး ဖြင့် (၂၂- ၈-၂၀၂၀)ရက်နေ့မှ(၂၇-၈-၂၀၂၀) ရက်နေ့အထိ (၆)ရက်တာ ရက်တို သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းထွန်း(ပြန်/ဆက်)