ကလေးဝမြို့တွင် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး   

ကလေးဝ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်   လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို  ယမန်နေ့ ညနေ ၄ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

အဆိုပါ လက်ဖက်ရည်ဆိုင်များအား မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ယင်းဆိုင်များတွင် စားပွဲခုံအား မှန် သို့မဟုတ် ပလတ်စတစ်တို့ဖြင့် နှစ် ပိုင်းခြားကာထားပြီး လက်​ဆေးရန်​ ဘေစင်၊ အပူချိန်တိုင်း သာမိုမီတာနှင့် Mask မပါလာသူများကို Mask များ​ရောင်းချ​ပေးမည့်အစီစဉ်များထားရှိပြီး အစားအ​​သောက်များကိုင်မည့်သူကိုလည်း ​ရှေ့ကာ၊ လက်အိတ် စသည်တို့ဖြင့် ကိုင်တွယ် ရောင်းချရန် မြို့ နယ်စစ်ဆေးရေးအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိ​သော ဆိုင်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်​ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)