မင်းတုန်း ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ရေပေးဝေမှု လုပ်ငန်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းတည်နေရာများအား ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ ကျီကုန်းရပ်အား ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် တူးဖော်ထားသော ရေစိမ့်တွင်းကျယ် တူးဖော်ပြီးစီးမှု အခြေအနေနှင့် မီနီဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)