နတ်မောက်မြို့လူထုအခြေပြု ဗဟိုဌာန၌ ကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသည့် “နှလုံးသားယဉ်ကျေးမှုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

နတ်မောက်   ဒီဇင်ဘာ      ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ)  ရေးသားထားသည့် “နှလုံးသားယဉ်ကျေးမှုစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက မိမိဝန်ထမ်းများအနေဖြင့် ပြည်သူကိုအသိ ပညာပေးလုပ်ငန်းများဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် စာပေကို အမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဓါတ်ပုံ-၂ ဦးလှဝင်းက စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ)ရေးသားသည့် “နှလုံးသားယဉ်ကျေးမှုစာစုများစာအုပ်မှ “စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ” ခေါင်းစဉ်ကို ဖတ်ရှု ဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများကစာအုပ်အကြောင်းအရာပါ ခေါင်းစဉ်အသီးသီးဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။

လှဝင်း(နတ်မောက် )