နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

နတ်မောက် ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဒီဇင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက် နေ့အထိ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ် သင်ကြားပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်း၏ စည်းမျဉ်းစည်းကမ်းများကို တက်ရောက် လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ကွန်ပျူတာ သင်တန်းကို ကျောင်းသား/သူ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံ ဘာသာရပ်များကို နေ့စဉ် မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)