သဲကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းများအား ကိုဗစ်ကာကွယ်ဆေး (Sinovac)ကို ဆက်လက်ထိုးနှံ

သဲကုန်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ် ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့ နံနက် (၁၀)နာရီအချိန်က သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သဲကုန်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသက် (၁၂)နှစ်ပြည့်ပြီး အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး ထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းသူများအား ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို သဲကုန်းမြို့နယ်၊  ကျန်းမာရေးဝန်းထမ်းများ၊ ဌာန ဆိုင်ရာများ၊ ကျောင်းဆရာ/ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)