လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လွိုင်ကော် ဩဂုတ် ၂၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေး သော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက် အ.မ.က မိုင်းလုံး(ခ) မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မွန် ဦးဆောင်သော ဝန်ထမ်းများ၊ ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့က အသက် (၁၀) နှစ်ပြည့် ()ဦး၊ အသက် (၁၈)နှစ်ပြည့် (၁၁)ဦး၊ (၁၈)နှစ်ပြည့် လဲလှယ် (၃၉)ဦး၊ ပျောက်ဆုံး/မိတ္တူ (၁၅)ဦး၊ စုစုပေါင်း (၆၆)ဦး တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ပေးခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစန်းဝေ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)